'
ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

♣ မေတ္တာရိပ်ရဲ့ ဘုရားခန်းက ဘုရားစင်လေးမှာ ဘုရားကန်တော့သွားကြပါဦး။♣

http://www.addcode.net/image/divider-images/divider-206.gif

https://fbcdn-sphotos-e-a.akamaihd.net/hphotos-ak-prn1/564696_519667604741560_456746298_n.jpg

http://www.addcode.net/image/divider-images/divider-206.gif

http://dl4.glitter-graphics.net/pub/2165/2165874ad4wpmvfjg.gifhttp://dl7.glitter-graphics.net/pub/2165/2165867i5t65i6i41.gifhttp://dl4.glitter-graphics.net/pub/2165/2165874ad4wpmvfjg.gifhttp://dl7.glitter-graphics.net/pub/2165/2165867i5t65i6i41.gifhttp://dl4.glitter-graphics.net/pub/2165/2165874ad4wpmvfjg.gifhttp://dl7.glitter-graphics.net/pub/2165/2165867i5t65i6i41.gif

တရားဓမ္မကိုပေးလှူခြင်းသည် အမြတ်ဆုံးအလှူဖြစ်သည်။



တရားဓမ္မ၏အရသာသည် အမွန်မြတ်ဆုံးအရသာဖြစ်သည်။



တရားဓမ္မနှင့်မွေ့လျော်ခြင်းသည် အကောင်းဆုံးမွေ့လျော်ခြင်းဖြစ်သည်။



တရားဓမ္မဖြင့်အသက်မွေးခြင်းသည် မြတ်သောအသက်မွေးခြင်းဖြစ်သည်။



တရားဓမ္မများကို လက်တွေ့သိရှိလိုက်နာ ကျင့်သုံးခြင်းဖြင့်



အမြတ်ဆုံးသော ချမ်းသာကို ရယူနိုင်ကြပါစေ။


http://dl6.glitter-graphics.net/pub/2165/2165876esvxsu16sl.gifhttp://dl6.glitter-graphics.net/pub/2165/2165876esvxsu16sl.gifhttp://dl6.glitter-graphics.net/pub/2165/2165876esvxsu16sl.gifhttp://dl6.glitter-graphics.net/pub/2165/2165876esvxsu16sl.gifhttp://dl6.glitter-graphics.net/pub/2165/2165876esvxsu16sl.gifhttp://dl6.glitter-graphics.net/pub/2165/2165876esvxsu16sl.gif

Friday, May 17, 2013

ရှောင်စရာတရားပွဲ

မြစ်ဝကျွန်းပေါ်ရှိ ရွာတစ်ရွာမှ တရားတစ်ပွဲအကြောင်းကို တင်ပြပါဦးမည်။ ယခုတရားပွဲမျိုးကား ရှောင်ရမည့် တရားပွဲသာ ဖြစ်၏။ စာရေးသူသည် တရားပွဲလာပင့်လျှင် မဟောဖူးသေးသည့် နေရာ၊ ချောင်ကျသည့် နေရာမျိုးဆိုလျှင် ဦးစားပေးပြီး ကြွလေ့ရှိသည်။ ယခုလည်း ထိုမြစ်ဝကျွန်းပေါ်ရွာမှ တရားပွဲလာပင့်သောအခါ အထက်ပါ အချက်နှစ်ချက်နှင့် ကိုက်ညီနေသောကြောင့် လက်ခံလိုက်သည်။

Wednesday, May 15, 2013

ဆောင်စရာတရားပွဲ

ထိုတရားပွဲမှာ ရွှေပြည်သာမြိုကနယ်၊ (ဏ)ရပ်ကွက်မှ တရားပွဲဖြစ်သည်။ ထိုရပ်ကွက်မှ လူငယ်များသည် တရားလည်းနာ၊ စာလည်း ဖတ်သဖြင့် သာသနာပြုခြင်း အဓိပ္ပါယ်ကို သေချာသိကြသည်။ သာသနာဟူသည် အဆုံးအမဟု အဓိပ္ပါယ်ထွက်သည်။ မည်သူ့အဆုံးအမနည်းဟု ပုစ္ဆာထုတ်လိုက်သည့်အခါ “ဗုဒ္ဓအဆုံးအမ”ဟု ဖြစ်လာသည်။

ဘုရားပစ္စည်းနှင့် သံဃာ့ပစ္စည်း

ဘုရားပစ္စည်း၊ ငရဲမီး၊ သုံးနည်းအလွန်ခက်။
သံဃာ့ပစ္စည်း၊ အဆိပ်သီး၊ စားနည်းအလွန်ခက်။
စားသုံးမိလျှင်၊ တနင်နင်၊ သေလျှင်အလွန်ခက်။
ငရဲသို့ကျ၊ ၀ဋ်ဒုက္ခ၊ လွတ်ပြန်ရဖို့ခက်။

Tuesday, May 14, 2013

ယောက်မလိုလူ လျှာလိုလူ

ဝေယျာဝစ္စလုပ်သူများတွင် ခိုးဝှက်စားပြီး ငရဲသို့ ကျသွားသူများသည် ဟင်းမွှေသော ယောက်မနှင့်တူ၏။ နတ်ပြည်သို့ရောက်သွားသူများသည် ဟင်းအရသာကို ခံစားသော လျှာနှင့်တူ၏။ ယောက်မသည် ဟင်းအိုးကို အမြဲမွှေနေရသော်လည်း ဟင်း၏အရသာကို တစ်စက်ကလေးမှမသိ၊ ထို့အတူ တချို့ဒကာ၊ ဒကာမများသည် သူတော်ကောင်းနှင့် နှစ်ပေါင်းများစွာ အတူတူနေရသော်လည်း သူတော်ကောင်းတို့၏ တရားသည်သူတို့ ရင်ထဲသို့မရောက်။

ကြည်ညိုခြင်းသုံးမျိုး

ကြည်ညိုခြင်းသည် သုံးမျိုးရှိ၏။ မိမိကိုယ်မိမိကြည်ညိုခြင်း၊ အတူနေများကကြည်ညိုခြင်း၊ အဝေးနေပုဂ္ဂိုလ်များကကြည်ညိုခြင်း တို့ပင်ဖြစ်၏။ ထိုသုံးမျိုးတွင် မိမိကိုယ်မိမိ ကြည်ညိုဖို့သည် နံပါတ်တစ် အရေးအကြီးဆုံးဖြစ်၏။ အဘယ့်ကြောင့်ဆိုသော် “အရင်းလဲ၊ အဖျားထင်းဖြစ်”ဟူသော စကားအတိုင်း မိမိကိုယ်မိမိ တကယ်ကြည်ညိုအောင်နေလျှင် အတူနေများက ကြည်ညိုခြင်း၊ အဝေးနေများက ကြည်ညိုခြင်းတို့သည် အလိုလိုပါသွားသောကြောင့်ပင်ဖြစ်၏။

Monday, May 13, 2013

ဒါနကုသိုလ်က အရဟတ္တဖိုလ်ကို အကျိုးပေးပုံ

တစ်ခါက ဥဂ္ဂါသူကြွယ်ဟာ သံဃာတော်များနှင့်အတူ မြတ်စွာဘုရားကိုပင့်ပြီး မွန်မြတ်သော ဆွမ်းခဲဖွယ် ဘောဇဉ်စသည်တို့ကို ကပ်လှူပါတယ်။ ကပ်လှူတဲ့ အခါမှာလည်း “မနာပဒါယီ၊ လာဘတေမနာပံ” မြတ်နိုးဖွယ်ကို လှူရင် မြတ်နိုးဖွယ်ကို ရတယ်လို့ဟောထားတဲ့ မြတ်စွာဘုရား စကားတော်အရ သူမြတ်နိုးတဲ့ အကျိုးကို ရချင်လို့ လှူတဲ့အကြောင်းကို လျှောက်ထားပါတယ်။

ကိုးဆယ့်နှစ်ကမ္ဘာ ငိုခဲ့ရသူများအကြောင်း

လွန်ခဲ့သော ကိုးဆယ့်နှစ်ကမ္ဘာက ဖုဿအမည်ရှိ ဘုရားရှင်ကိုယ်တော်မြတ်ကြီး လောကတွင် ပွင့်ထွန်းပေါ်ပေါက်တော်မူခဲ့သည်။ ထိုဘုရားရှင်၏ ခမည်းတော်မှာ ကာသိတိုင်းကို အုပ်ချုပ်သော ဇယသေနမင်းကြီးဖြစ်သည်။ မယ်တော်မှာ သီရိမာဖြစ်သည်။ ဖုဿဘုရားရှင်တွင် ဖအေတူအမေကွဲ ညီအစ်ကိုမင်းသားသုံးယောက်ရှိသည်။

Sunday, May 12, 2013

ကျွန်ုပ်ဘ၀မှ ဆောင်စရာနှင့် ရှောင်စရာများ

တိပိဋိကဓရ၊ တိပိဋကကော ၀ိဒဘွဲ့တံဆိပ်ရရှိတော်မူသော အရှင်အဘိဇာတ၏ တော်ကြောင်းနှင့် ကျွန်ုပ်၏ညံ့ကြောင်းများကို ရေးသားတင်ပြမည်ဖြစ်သောကြောင့် တော်သူနှင့် လျော်သူဟု ခေါင်းစဉ်တပ်လျှင် ပို၍အဆင်ပြေမည်ဖြစ်သည်။ သို့သော် ကျွန်ုပ်၏ ညံ့ဖျင်းသော အကြောင်းများစွာကြားမှ ကောင်းသောအချက်လေး တစ်ချက်နှစ်ချက်ခန့်ကိုပါ တင်ပြစရာတွေ့နေသောကြောင့် အောက်ပါအတိုင်း ခေါင်းစဉ် တပ်လိုက်ရခြင်းဖြစ်သည်။ အရှင်ဘိဇာတ၏ ထူးခြားချက်နှစ်ချက်ကို ကျွန်ုပ်သတိထားမိသည်။

Saturday, May 11, 2013

သုသာန်ထဲမှ မုန့်ဆွမ်းအလှူ

သုသာန်ထဲရောက်၍ မသတ်မီအချိန်ကလေးတွင် အာဏာသားတို့က သုလသာပေးလိုက်သော ကတွတ်မုန့်လေးခုနှင့် သောက်ရေကို ထိုသူ့အားပေးကြသည်။ ထိုလူဖျင်းသည် မုန့်တို့ကို စားရန်ပြင်ဆင်နေစဉ်မှာပင် အရှင်မဟာမောဂ္ဂလာန်သည် သူ့ရှေ့သို့ကြွလာ၍ ဆွမ်းရပ်လေသည်။ ထိုသူသည် ဤအတိုင်းသေသွားလျှင် ငရဲသို့ကျမည်ဖြစ်သည်။ အကယ်၍ ထိုမုန့်ကိုသူမစားဘဲ မထေရ်မြတ်ကိုလှူပြီးမှသေလျှင် နတ်ပြည်သို့ရောက်မည်ဖြစ်သည်။

ကာမေသုကံ၏ဆိုးကျိုးများ

(၃၀၉) မိုက်မဲတွေဝေစွာ သူတစ်ပါးမယားကို အတင်ရဲစွာ မှီဝဲလေ့ရှိသူသည် အကုသိုလ်ဖြစ်ခြင်း၊ စိုးရိမ်သောကကြောင့် နှစ်ခြိုက်စွာမအိပ်ရခြင်း၊ အကဲ့ရဲ့ခံရခြင်း၊ ငရဲသို့ကျရခြင်း ဟူသောဆိုးကျိုးတို့ကို ခံစားရ၏။

(၃၁၀) အကုသိုလ်ဖြစ်ရခြင်း၊ ငရဲသို့ကျရခြင်း ဟူသော ဆိုးကျိုးများအပြင် မိန်းမကလည်း အထိတ်တလန့်၊ ယောက်ျားကလည်း အထိတ်တလန့် မှီဝဲရခြင်းကြောင့် မွေ့လျော်သာယာခြင်းမှာ အနည်းငယ်သာတည်း။ ပရဒရကံကြောင့် မင်းသည် ကျူးလွန်သူကိုကြီးလေးသော အပြစ်ဒဏ်စီရင်၏။ ထို့ကြောင့် ယောက်ျားသည် သူတစ်ပါးမယားကို မှီဝဲရာ။

ဘုရားဖူးရင်း ငိုရသည်

သို့သော် ကြည်နူးရသည့်အခါထက် စိတ်ထိခိုက်ရသည့်အခါက ပိုများပါသည်။ တစ်ခုသော တစ်ထောင်ဘုရားများကို ဖူးမျှော်ကြည့်ရာ ဘုရားရုပ်ပွားဟူ၍ပင် မသိနိုင်တော့။ ဘာရုပ်တွေပါလိမ့်ဟု တွေးတောယူရသည်အထိ ပုံတွေကပျက်စီးနေသည်။ အမိုးအကာ မပါသဖြင့် မိုးရွာတော့စို၊ နေပူတော့ခြောက်နှင့် ရုပ်ပွားများမှာ မဲခြောက်ပြီး ပျက်စီးနေသည်။

တောင်ပေါ်မှာဘုရား၊ တောင်အောက်မှာဘာသာခြား

ထိုအချိန်တွင် ဘာသာခြား သာသနာပြုများက တောင်ခြေမှ ဆင်းရဲသား ဗုဒ္ဓဘာသာများကို စီးပွားရေး၊ လူမူရေးကိစ္စများကို အားတက်သရော ထောက်ပံ့ကြသည်။ တောင်ပေါ်တွင် လက်ဝါးကပ်တိုင်ကြီး သိန်းတစ်ထောင် အကုန်အကျခံ စိုက်ထူးခြင်းထက် တောင်အောက်က ဆင်းရဲသားများကို ထောက်ပံ့ခြင်းသည် သူတို့ဘာသာအတွက် ပို၍ကျေးဇူးများကြောင်း ဘာသာခြားသာသနာပြုများက သိကြသည်။

Friday, May 10, 2013

တိရစ္ဆာန်နှင့်တူသောလူများ

လူဖြစ်သော်လည်း လူနှင့်မတူဘဲ တိရစ္ဆာန်နှင့်တူသော လူသားများရှိ၏။ ၀မ်းစာရှာခြင်း၊ အိပ်ခြင်း၊ စားခြင်း၊ ကာမဂုဏ် ခံစားခြင်း ဤလေးချက်သည် လူမှာလည်းရှိ၏ တိရစ္ဆာန်မှာလည်းရှိ၏။ ဤလေးချက် ပြည့်စုံရုံမျှနှင့်တော့ လူဟူ၍မခေါ်ရ၊ တိရစ္ဆာန်ဟုသာ ခေါ်ရကြောင်း ၀ိမာန၀တ္ထု၊ အဋ္ဌကထာတွင်ဖွင့်ပြချက်ရှိ၏။

မြေပြင်ပေါ်က ငရဲပြည်

ရာဇဂြိုဟ်ပြည်တွင် ကုဋေများစွာ ချမ်းသာသောသူဌေးကြီး တစ်ဦးရှိ၏။ မဟာဓနသူဌေးဟု အမည်တွင်၏။ ထိုသူဌေးကြီးတွင် တစ်ဦးတည်းသောသားတစ်ယောက်ရှိ၏။ သူဌေးကြီးသည် သူ၏သားကို မည်သည့်အတတ်ပညာမှ သင်မပေးချေ။ သူ၏အတွေးမှာ ငါ့သားသည် အလွန်ဆုံး တစ်နေ့တစ်ထောင်သုံးသည့်တိုင်အောင် အနှစ်တစ်ရာသုံးသော်လည်း ငါစုထားသောငွေများ မကုန်နိုင်။ ထို့ကြောင့် အသက်မွေးဝမ်းကျောင်းအတတ်ပညာ ဘာမှသင်စရာမလိုဟု ဆုံးဖြတ်လေသည်။

Thursday, May 9, 2013

ဒုစရိုက်ရွာ ဖြစ်ရခြင်းအကြာင်းရင်း

စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့နယ် နောက်ကြည့်ကျွန်း ကျေးရွာသည် လွန်ခဲ့သော နှစ်ပေါင်း (၈၀)ခန့်မှ စ၍ ဒုစရိုက်မူများဖြင့် ကျော်ကြားသော ရွာကြီးတစ်ရွာဖြစ်ခဲ့သည်။ ကျေးရွာ၏ ဘုရားစေတီနှင့် ဘုန်းတော်ကြီးကျောင်းသည် ခန့်မှန်းခြေ ၁၉၇၀-ခုနှစ်တွင် မြစ်ရေတိုက်စားမူကြောင့် ရေထဲမျောပါ ဆုံးရူံးပျောက်ကွယ်သွားခဲ့ရသည်။

ခေတ်သစ်အနာထပိဏ်

အိန္ဒိယနိုင်ငံ၊ သာဝတ္ထိပြည်တွင် ဇေတ၀န်ကျောင်းတော်ကြီးကို (၅၄)ကုဋေ အကုန်အကျခံ တည်ဆောက်လှူဒါန်းသော အနာထပိဏ်သူဌေးကြီး ဆိုလျှင် ဗုဒ္ဓဘာသာတိုင်းနီးပါး သိကြသည်။ ထို့ကြောင့် အလှူအတန်းရက်ရောသူများကို ခေတ်သစ်အနာထပိဏ်သူဌေးဟု ခေါ်တတ်ကြသည်။ သို့သော် ဘုရားတည်၊ ကျောင်းဆောက်၊ ဘာသာရေး တစ်ခုတည်းတွင် လှူရုံဖြင့် အနာထပိဏ်ဘွဲ့ကို ခံယူ၍မရပေ။

မှော်ဆရာ့ စက်ကွင်း

ငယ်ရွယ်နုရွ၊ ပျိုမျစ်လှ၍
မာနယစ်မူး၊ ရူးနေသူ
ပညာထွန်းတောက်၊ ပါရဂူမြောက်၍
မောက်မာ မာန၊ ကြွနေသူ
ဥစ္စာဓန၊ ပေါကြွယ်ဝ၍
အတ္တမာနကြီးနေသူ

ကြိုးသမား၏ သံဝေဂစာတမ်း

ဒေါသနှင့် အာဃာတတရားများသည် ကောင်းကျိုးကို မပေးဘဲ ဆိုးကျိုးကိုသာပေးသည်။ သူသည် ဒေါသမီးကို ရင်ဝယ်ပိုက်ပြီး အာဃာတတရားကြီးမားလွန်းခဲ့သဖြင့် သူ၏ ဘ၀ကို တိုတိုနှင့်ပိုင်းကာ ဇာတ်သိမ်းဆိုးခဲ့ရသည်။ အကယ်၍ ဒေါသမီးကို ရင်ဝယ်မပိုက်ဘဲ ငြိမ်းသတ်နိုင်ခဲ့ပြီး အာဃာတ တရားကိုလည်း ဖျောက်ဖျက်ပစ်နိုင်ခဲ့မည်ဆိုပါလျှင် ယခုလို အသက်ငယ်ငယ်ရွယ်ရွယ်နှင့် ဘ၀ကိုတိုတိုပိုင်းရမည် မဟုတ်ချေ။

ကြိုးဒဏ်ပေးပုံ မြင်ကွင်းကျယ်

ကြိုးတိုက်ရှေ့သို့ ကျွန်တော်တို့အရောက်တွင် ဦးစောသည် အပြုံးဖြင့် ဆီးကြိုနူတ်ဆက်သည်။ ကြိုးတိုက်တွင်းရှိ ဦးစော၏ ဆင်းတုကလေးတွင် ဆီမီးပတ်လည်၊ ကော်ဖီဆွမ်း၊ မုန့်ဆွမ်းများဖြင့် ပန်းရေချမ်းများပါ ဝေေ၀ဆာဆာ ကပ်လှူထားသည်ကို တွေ့ရသည်။ ဦးစော၏ အစားအသောက်တာဝန်ကိုယူရသော အကျဉ်းသားကလေး မောင်စင်ကာပူမှာ ၎င်း၏ဆရာအတွက် နံနက်စာကို နံနက်သုံးနာရီကပင် အသင့်စီစဉ်ပေးသော်လည်း ဦးစောကား စားမသွားတော့ပေ။ 

Wednesday, May 8, 2013

ဘုရားက မခိုက်ပါ၊ မရိုက်ပါ

(မှတ်ချက်) ဤနေရာ၌ ဗုဒ္ဓဘာသာအများစု၏ မှားယွင်းနေသော အယူအဆတစ်ခုကို ဖြေရှင်းပေးလိုပေသည်။ ဗုဒ္ဓဘာသာအများစုသည် ဘုရားရုပ်ပွားများ၊ စေတီများက ခိုက်သည်ဟု ယူဆတတ်ကြသည်။ အမှန်က ခိုက်ဟူသည် မကောင်းကျိုးများ ကျရောက်ခြင်းကို ဆိုလိုပေ၏။ ထိုမကောင်းကျိုးများကို သက်ရှိထင်ရှား ဘုရားကလည်း မလုပ်သလို၊ သက်မဲ့ရုပ်ပွားဆင်းတုတောင်များကလည်း မလုပ်ပေ။

♣မန်ဘာဝင်မိတ်ဆွေများ♣

♣ မေတ္တာရိပ်ဖန်းပေ့လေးမှာ Like နှိပ်ပေးခြင်းဖြင့် အားပေးကြပါ ♣

♣ သူငယ်ချင်းတို့ရေ မေတ္တာရိပ်လေးထဲရောက်လာမှတော့ စကားလက်ဆောင်လေးထားခဲ့ပါအုံးရှင် ♣

http://t1.gstatic.com/images?q=tbn:ANd9GcR3JyRRSEe7ixT7Rp6zv_MmVwq-GxSTEFnVakhQDfmiznjOGRNlDA